ခမောက်ကြီးမြို့ Quarantine Center တွင်ထားရှိသောမြန်မာရွှေ့ပြောင်းလုပ်သားများအား အဝတ်အထည်၊ အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ခမောက်ကြီး စက်တင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ မြန်မာရွှေ့ပြောင်း အလုပ်သမားများ ထားရှိရာ Quarantine Center တွင် ယမန်နေ့နံနက် ၁၁ နာရီခွဲက အသုံးအဆောင်ပစ္စည်းနှင့် အစားအသောက်များ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပေးအပ်ရာတွင် ကော့​သောင်းမြို့နယ် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြူကြူရီ၊ ကော့သောင်းမြို့နယ် လူမှုကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထားရေး ဦးစီးဌာနမှ ဦးစီးအရာရှိ​ ဒေါ်ခင်မာ​ထွေး၊ ပညာ​ရေးနှင့်ဖွံ့ဖြိုးတိုးတက်​ရေး​ဖောင်​ဒေးရှင်း (Foundation For Education and Development -FED)မှ ဦးစိုး​ဝေနှင့် အဖွဲ့ဝင်များက ခမောက်ကြီးမြို့ Quarantine Center တွင်ထားရှိသော ရွှေ့​ပြောင်း အလုပ်သမား (၂၈)ဦးအား (၁)ဦးလျှင် အင်္ကျီနှင့်လုံချည်(၁) စုံ၊  ဖိနပ်(၁)ရံ၊ မာမား​ခေါက်ဆွဲ(၃)ဖာ၊ ကြက်ဥ(၃)ကတ်၊ နို့ဘူး(၃)ဖာနှင့် Hand Gel(၇) ဘူးတို့ကို​ ထောက်ပံ့ပေးအပ် ခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။

ရူပါမြင့် (ပြန်/ဆက်)