မေတ္တာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းဆောင်ရွက် 

မေတ္တာ ဇူလိုင် ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် မေတ္တာမြို့၌ ကိုဗစ်- ၁၉ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို မေတ္တာမြို့ အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ဘုန်းတော်ကြီးကျောင်းနှင့် မြို့တွင်း လမ်းများကို မေတ္တာမြို့နယ် မြေမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး လင်းစည်အောင် ဦးဆောင်သော တပ်ဖွဲ့ဝင်များ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။