ပဲခူး ဇူလိုင် ၂၇
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် အားကစားနှင့်ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောင်ရွက်သော Liquid Oxygen Tank Station တစ်ခုကို ယမန်နေ့နံနက်ပိုင်းအချိန် က ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီး ဝန်းအတွင်း၌ စတင်တပ်ဆင်တည် ဆောက်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ Liquid Oxygen Tank Station ၏ အောက်ဆီဂျင်ထုတ်လုပ်မှုမှာ Liquid Oxygenအား Oxygen Tank Station အတွင်းသို့ ထည့်သွင်းသိုလှောင်ပြီး ၎င်းမှတဆင့် Gas Oxygen ပြန်လည်ထုတ်လုပ်ပေးသော စနစ်ဖြစ်၍ ယခုတည်ဆောက်လျှက်ရှိသော Oxygen Tank Station၏ ဝင်ဆံ့မှုမှာ တန်ချိန်(၃၀) ဖြစ်ပြီး Gas Oxygen ထုတ်လုပ်နိုင်မှုအနေဖြင့် တစ်ရက်လျှင် ၄၀လီတာအိုး (၁၆၀၀)ခန့်၊ တစ်နာရီခွဲလျှင် အောက်စီဂျင်(၄၀)လီတာအိုး အလုံး(၈၀)အထိ ထုတ်လုပ်ဖြည့်သွင်း ပေးနိုင်မည်ဖြစ်သည်။
၎င်း Oxygen Tank Station တပ်ဆင်ပြီးစီးသွားပါက ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီး အတွင်းရှိ လူနာများအတွက် Central Pipe Line ဖြင့် ချိတ်ဆက်ဖြန့်ဖြူးပေးရန် ဆောင်ရွက်ထားပါသည်။ Oxygen Filling Systemစနစ်ဖြင့် အောက်စီဂျင်အိုးများအတွင်း အောက်စီဂျင်ဖြည့်သွင်း ဆောင်ရွက်ပေးခြင်းများ တစ်ပြိုင်တည်း ဆောင်ရွက်ပေးနိုင်ရေး ဆက်စပ်ပစ္စည်းများ မှာယူထားကြောင်း သိရသည်။ ဝဏ္ဏမောင် (ပြန်/ဆက်)