လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာ အုပ်စု၊အင်ဂနီတွင်းကျေးရွာတွင် မြေပြိုဘေးကြောင့် ပျက်စီးသွားသော အိမ်ထောင်များအတွက် ထောက်ပံ့ငွေများပေးအပ်

လောင်းလုံး ဇူလိုင် ၂၇

 တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာ အုပ်စု၊ အင်ဂနီတွင်း ကျေးရွာတွင် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက မြေပြိုဘေးကြောင့် ပျက်စီးသွားသော အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာ၌လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု   ဦးစီးဌာန၊  တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝင်း စန္ဒာကြည်နှင့် တာဝန်ရှိသူများ၊ လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ် ရေးမှူး၊  ဦးအောင်ထိုက်နှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများက ဇူလိုင်လ ၂၅ ရက်နေ့တွင် မိုးစဉ်ဆက် မပြတ်ရွာသွန်းပြီး၊ မြေပြိုမှုကြောင့် လောင်းလုံးမြို့နယ်၊ ကျောက်နီမော်  ကျေးရွာအုပ်စု၊   အင်းဂနီ တွင်းကျေးရွာရှိ  ပျက်စီးသွားသော သွပ်မိုး၊ အာစီ (၁)ထပ်တိုက်သုံးလုံးနှင့် ဓနိမိုးအိမ်သုံးလုံး စုစုပေါင်း မြေပြိုဘေးသင့်အိမ်ခြေ (၆) လုံးအတွက်    အိမ်ဆောက်   ပစ္စည်းဖိုး  ထောက်ပံ့ငွေများနှင့် ကယ်ဆယ် ရေးပစ္စည်း(၁၇)မျိုးပါ (၆)စုံ တို့အား  ဘေးသင့်ပြည်သူလက်ဝယ်အရောက်   ထောက်ပံပေးအပ်ခဲ့ ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

လောင်းလုံး (ပြန်/ဆက်)