လောင်းလုံး ဇူလိုင် ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကဒက်ကြီးကျေရွာနှင့် ဝက်သားကင်ကျေးရွာသို့သွားသည့် ရွာလမ်းမ၌ ယနေ့နံနက် (၆:၄၀) အချိန် က လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်တိုင်သုံးတိုင်လဲကျ၍ လမ်းပိတ်နေကြောင်း သိရသည်။
အဆိုပါလျှပ်စစ်ဓာတ်မီးတိုင် လဲကျမှုနှင့်ပတ်သက်၍ ကဒက်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူးမှတဆင့် လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်မှ ကူညီဖယ်ရှားပေးပါရန်အတွက် လောင်းလုံးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ဦ:စီးမှူး ဦးမျိုးဇော်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လောင်းလုံးမြို့နယ် လျှပ်စစ်ဝန်ထမ်းများက သွားရောက်ကူညီဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
လောင်းလုံး (ပြန်/ဆက်)