လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

လှိုင်  သြဂုတ် ၂၂

 

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင် မြို့နယ်၊ YUFCလေးကျင့်ရေးကွင်းတွင် ယနေ့နံနက်(၉)နာရီမှစတင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဟန်းသံဃာတော်များ၊ စျေးများရှိပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။ ယနေ့ကာကွယ်ဆေးထိုးနှံပြီးလူဦးရေ(၉၅၈) ဦးရှိကြောင်း သိရှိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံသော ပြည်သူများအားသွားလာမှု အဆင်ပြေစေရေး စောင့်ရှောက်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ အောက်ဆီဂျင်တိုင်းပေးခြင်း၊ သတ်မှတ်အကွာ အဝေးနေထိုင်ခြင်း၊ စာရင်းပေးသွင်းခြင်း၊ နားနေခြင်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဆေးထိုးရန ကျန်ရှိနေသော မိဘပြည်သူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမည့်နေ့ရက်၊ အချိန်၊ နေရာတို့ကို ထပ်မံကြေညာပေးသွားမည် ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။

အဆိုပါဆေးထိုးမှုတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊Volunteerများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့များ၊ ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ဘိုးဘွားများအား ဆေးထိုးသည့်နေရာသို့ လိုက်ပို့ပေးခြင်း၊ ကြည့်ရှု့အားပေးခြင်း၊ ဆေးထိုးပြီးပါကလည်း နားနေခန်းတွင် နာရီဝက်နားစေခြင်းများဖြင့် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြကြောင်း သိရသည်။