ဒေးဒရဲမြို့တွင် အောက်စီဂျင် လိုအပ်သူများကို အခမဲ့ဖြန့်ဝေ ပေးလျှက်ရှိ

ဒေးဒရဲ ဩဂုတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေးပေါ် အောက်စီဂျင် လိုအပ်သူများကို အခမဲ့ဖြန့်ဝေ လှူဒါန်းပေးလျှက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်  မြို့နယ်  လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့မှ လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူသာမက မည်သူမဆို အရေးပေါ်အောက်စီဂျင်လိုအပ်ပါက 40 လီတာ အိုးများကို အခမဲ့လှူဒါန်းပေးလျှက်ရှိကြောင်း မြို့နယ်လူသားချင်းစာနာမှု အကူအညီ ပေးရေး အဖွဲ့ထံမှ သိရသည်။

အေဇာလင်း