တာချီလိတ် ဩဂုတ် ၂၅
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ -၂ ရှိ ခရစ်ယာန် လူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာရှိ ကလေးငယ်များနှင့်ဝန်ထမ်း(၉၀)ဦးအတွက် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်မှ ဆန်အပါအဝင် အခြေခံစားသောက် ကုန်များအား ယနေ့ နံနက်ပိုင်းက သွားရောက်လှုဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်လှူဒါန်းရာတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းကိုယ်စား စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ဒုတိယရဲမှူးကြီး ရဲနိုင်အောင်၊ တာချီလိတ်မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းနေဦးနှင့် အဖွဲ့ဝင်များက တစ်ဦး လျှင်ဆန်တစ်အိတ်နှင့် ကုလားပဲ၊ ငါးသေတ္တာ ၊ ကြက်ဥ၊ စားသုံးဆီနှင့်အိမ်သုံးဆားများကိုသွားရောက်လှူဒါန်းပေးခဲ့ရာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
ယာဆေး(ပြန်/ဆက်)