တိုက်ကြီး ဩဂုတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် အောက်ဆီဂျင်များကို နေ့စဉ် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးထံမှ သိရသည်။
ထိုသို့ ဖြန့်ဝေရာတွင် နေ့စဉ် အောက်ဆီဂျင်အိုး (၄၀)လီတာအိုး အလုံး(၄၀)ကို မှော်ဘီ မြို့နယ် မြောင်းတကာသံမဏိစက်ရုံမှ သွားရောက်ထုတ်ယူပြီး အလုံး(၃၀)အား မြို့နယ် ပြည်သူ့ဆေးရုံ ၊ ဥက္ကံတိုက်နယ်ဆေးရုံ၊ အဖျောက်တိုက်နယ်ဆေးရုံနှင့် တော်လတီတိုက်နယ် ဆေးရုံများသို့ ဖြန့်ဝေပေးပြီး ကျန်(၁၀)လုံးအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး တွင် အသင့်ထားရှိကာ အောက်ဆီဂျင်အမှန်တကယ်လိုအပ်နေသော ပြည်သူများအတွက် အခမဲ့ဖြန့်ဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိပြီး လာရောက်ထုတ်ယူသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်အတွင်းရှိ တိုက်ကြီးမြို့၊ ဥက္ကံမြို့၊ အဖျောက်မြို့များရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းတွင် ရောဂါကူးစက်ခံရသူများ အောက်ဆီဂျင်လုံလောက်စွာ ရရှိရေး ၊ အခက်အခဲများ ဖြစ်ပေါ်မှုမရှိစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးထံမှ သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)