လွိုင်လင်မြို့တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားမျာအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆေး (Sinophram) အားဒုတိယ အကြိမ်ထိုးနှံပေး

လွိုင်လင်       ဩဂုတ်    ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်တွင် အမှတ်( ၁ ၊ ၂ ၊ ၃ )ရပ်ကွက်များရှိ အသက်(၆၅)နှစ် အထက် သက်ကြီးဘိုးဘွားမျာအား ယနေ့နံနက်(၁၀:၀၀)နာရီအချိန်မှစတင်၍ အထက(၁)အခြေခံပညာအထက်တန်းကျောင်း၊ အထက(၂)အခြေခံပညာအထက်တန်းကျောင်း ၊အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့၌ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးလျှက်ရှိပြီး ကျန်ရှိသောအမှတ်(၄)ရပ်ကွက်အား ဩဂုတ်လ ၂၉ရက်နေ့တွင် ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာနေလင်းဆွေ၏ ဦးဆောင်မှုဖြင့် ကျန်မာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများတို့မှ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ရောဂါအခံရှိ/ မရှိ စစ်ဆေးမေးမြန်းခြင်းများဆောင်ရွက်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram)ထိုးနှံပေးခဲ့ကြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာနေရာသို့ လွိုင်လင်မြို့ ရပ်ကွက်( ၁၊ ၂ ၊၃ )ရှိ အသက်(၆၅)နှစ်အထက် ဘိုးဘွားများလာရောက်၍ ကာကွယ်ဆေးထိုးနှံကြကြောင်းနှင့် အဆိုပါကာကွယ် ဆေးထိုးနှံရာနေရာသို့ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးသိန်းထွဋ်နှင့် အဖွဲ့ဝင်များမှ လိုက်လံကြည့်ရှုစီမံ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဇူလိုင်(၃၀)ရက်နေ့တွင်စတင်၍ မြို့နယ်အတွင်း ဆေးထိုးအဖွဲ့များဖြင့် သက်ဆိုင်ရာ ဆေးထိုးစုရပ်နေရာများတွင် ရပ်ကွက်/ ကျေးရွာအုပ်စု အလိုက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ပထမအကြိမ်အဖြစ် ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 ဝင်းမင်းသန့်(ပြန်/ဆက်)