ထားဝယ်မြို့ဆေးဝါး၊ ဆေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့် သင့်တင့်သော စျေးနှုန်းမှန်ဖြင့် ရောင်းချနိုင် ရေးကြည့်ရှု့စစ်ဆေး

 

ထားဝယ်   သြဂုတ် ၂၇

ကိုဗစ် - ၁၉ ကာလတွင်စျေးကွက်အတွင်းကာကွယ်၊ကုသရေး၊ ဆေးဝါး၊ဆေးပစ္စည်းများနှင့် အထောက် အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သင့်တင့်သောစျေးနှုန်းမှန်ဖြင့် ရောင်းချနိုင်ရေးသတ်မှတ် အရည်အသွေးနှင့် စျေးနှုန်းမှန်ကန်စေရေးတို့အတွက် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများက ထားဝယ်မြို့အတွင်း ဆေးဆိုင်များအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် တနင်္သာရီတိုင်းဒေသကြီး၊အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ အဖွဲ့ဝင်များ နှင့် တိုင်းဒေသ ကြီးဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေး အဖွဲ့ဝင်များတို့က ထားဝယ်မြို့ရှိ ဆေးဆိုင်(၄)ဆိုင်အား ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်ရောင်းချရန်အသိပညာ ပေးခဲ့သည်။

ဆက်လက်၍ ဆေးဝါးဝယ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထူးဂရုပြုကြရန်နှင့် တစ်ဦးနှင့်ကစ်ဦး (၆) ပေအကွာမှ ဝယ်ယူရန် အသိပညာပေးခဲ့ပြီး ဆေးဆိုင်နှင့် ဆေးဝါးဝယ်ယူ သူများအား ဆေးနှင့်ဆေးပစ္စည်း ဘေးအန္တရာယ် ကင်းရှင်းရေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ကျော်လတ်