မတ္တရာ မေ ၂၆
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို မေ၂၆ရက် နေ့မှစတင်၍ လက်ခံဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် မေ ၂၆ရက်နေ့မှ ဇွန် ၁ရက်နေ့ သတ်မှတ်ထားပြီး ဇွန်လ ၂ ရက်နေ့တွင် အခြေခံပညာကျောင်းများကို စတင်ဖွင့်လှစ်မည်ဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ကျောင်းသူများအား မိဘများမှ လာရောက်အပ်နှံလျက်ရှိကြောင်း သိရ သည်။ ကျောင်းအပ်နှံသည့် ကျောင်းသား ကျောင်းသူများအား KGတန်းမှစ၍ အတန်းအလိုက် ကျောင်းသုံးသင်ရိုးစာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများနှင့် ကိုဗစ်၁၉ရောဂါကာကွယ်ရေး အထောက်အကူပစ္စည်းများကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
မတ္တရာမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၄)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(၂၆)ကျောင်း၊ အ လယ်တန်းကျောင်း(၁၇)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၃၆)ကျောင်း၊ မူလတန်း(လွန်)ကျောင်း(၄၂)ကျောင်း၊ မူလတန်းကျောင်း(၆၂)ကျောင်း၊ မူလတန်း(ခွဲ)ကျောင်း (၄)ကျောင်း စုစုပေါင်း (၂၀၁)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၂)ကျောင်း စုစုပေါင်း (၂၁၄)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)