သတင်းများ

ချမ်းအေးသာစံမြို့နယ်တွင် COVID - 19ရောဂါ ကာကွယ်ဆေးများ Phase-4 First Dose ထိုးနှံပေး
Dec 02,2021
ချမ်းအေးသာစံမြို့နယ်တွင် COVID - 19ရောဂါ ကာကွယ်ဆေးများ Phase-4 First Dose ထိုးနှံ ပေးခြင်းကို ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာ စုရပ်များတွင် ထိုးနှံပေးလျက် ရှိသည်။ 
မြန်အောင်မြို့ (ဘက)မူလွန်ရွှေကျောင်းနှင့်(ဘက)မူလွန်ရှား‌တောတာခွကျောင်းတို့မှအသက် (၁၂)နှစ်အထက် ကိုရင်၊ ကျောင်းသား ၊ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Dec 02,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့ (ဘက)မူလွန်ရွှေကျောင်းနှင့်(ဘက)မူလွန်ရှား‌တောတာခွ‌ ကျောင်းတို့မှ အသက် (၁၂)နှစ်အထက် ကိုရင်၊ ကျောင်းသား၊ ကျောင်းသူများကို မြန်အောင်မြို့ပရဟိတမြို့ရွှေကျောင်းတိုက်တွင် ယနေ့နံနက်က ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခဲ့ကြောင်းသိရှိရသည်။
ပြင်စလူမြို့တွင် အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ( Sinovac ) ဒုတိယအကြိမ်ထိုးနှံပေး
Dec 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ရှိအခြေခံပညာမူလွန်ကျောင်း၊ အလယ်တန်းကျောင်းများနှင့် အထက်တန်းကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ကာကွယ်ဆေးထိုးနှံသည့်စုရပ်ဖြစ်သည့် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌  ဒုတိယအကြိမ်  စတင်ထိုးနှံပေးလျက်ရှိသည်။
မောက်မယ်မြို့နယ်တွင် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် စျေးဆိုင်ခန်း စစ်ဆေးခြင်းလုပ်ငန်းများ အထူးကြပ်မတ်ဆောင်ရွက်
Dec 02,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ကိုဗစ် − ၁၉ ရောဂါပျံ့နှံ့မှုအား ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ဒေသခံပြည်သူများ၏ စျေးဆိုင်ခန်းများအား စစ်ဆေးခြင်း လုပ်ငန်းများ အထူးကြပ်မတ် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်စည်ပင်သာယာ မြို့မစျေး၌ စတင်ကွင်းဆင်း စစ်ဆေးခဲ့သည်။
ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများကို သိရှိလိုက် နာနိုင်ရန် အသိပေးနှိုးဆော်
Dec 02,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ညွှန်ကြားချက်များအား သိရှိလိုက်နာနိုင်ရန် အရှိန်အဟုန်မြှင့်အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ကြေညာခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၀န်ထမ်းများက ကမမောင်းမြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ ယနေ့ နံနက်ပိုင်းက  ပြည်သူများထံ အသိပေးနှိုးဆော်ကြေညာခဲ့သည်။
ရှင်ဗွေယန်မြို့၌  ဆောင်းရာသီဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ
Dec 02,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့၌ ဆောင်းရာသီ ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ  ၂ နာရီက မြို့မဘောလုံးအားကစားကွင်း၌ ကျင်းပသည်။
ကော့သောင်းမြို့ဈေးများမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမူ လိုက်လံစစ်ဆေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Dec 02,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်အတွင်းရှိဈေးများမီးဘေး အန္တရာယ်များဖြစ်ပွား လာပါက ကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် အသိပညာပေး လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက  ကော့သောင်းခရိုင် မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရှိဈေးများ အတွင်းလိုက်လံစစ်ဆေးကာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ခုနှစ် (၆)လ ဘတ်ဂျက် ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးလက် ကုန်ထုတ်လမ်း/တံတား လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Dec 02,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ်၊ (၆)လဘတ်ဂျက် ပြည်ထောင်စု ငွေလုံးငွေရင်း(မူလ) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိ သည့် မြင်သာတောင် ကျေးရွာအုပ်စု၊ ခါးပတ်ကျေးရွာ  ကျင်းကြီး ကုန်ထုတ်လမ်း/တံတားလုပ်ငန်းများကို၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ ၂ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်းသိရသည်။