ပြင်စလူ ဒီဇင်ဘာလ ၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ရှိအခြေခံပညာမူလွန်ကျောင်း၊ အလယ်တန်းကျောင်းများနှင့် အထက်တန်းကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ကာကွယ်ဆေးထိုးနှံသည့်စုရပ်ဖြစ်သည့် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဒုတိယအကြိမ် စတင်ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် အ-ထ-က ပြင်စလူမြို့နှင့် ကျေးရွာ အုပ်စုများမှကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၁၀၅) ဦးအား ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) တစ်လုံးလျှင် (၂)ဦးနှုန်း ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးမထိုးနှံမီ အပူချိန်တိုင်းတာပေးခြင်း၊ဖျားနာနေသော ကျောင်းသား/ကျောင်းသူများ၊ ဆီးချိုရောဂါ၊ အတက်ရောဂါ၊ ဦးနှောက်အာရုံကြောရောဂါတစ်ခုခုရှိသူများ၊ ဆေးတစ်ခုခုနှင့်ဓာတ်မတည့်သောရောဂါများ ရှိ/မရှိ မေးမြန်းပြီးမှသာ ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်သည့် စည်းကမ်းသတ်မှတ်ချက်များအတိုင်း စနစ်တကျထိုးနှံပေးခဲ့သည်။
အဆိုပါ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် ပြင်စလူမြို့၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဦးဆောင်မှုဖြင့်ဝန်ထမ်းများက စာရင်းဇယားများ တိုက်ဆိုင် စစ်ဆေးခြင်း၊မြို့အဆင့် ဌာနဆိုင်ရာများက တာဝန်ကျနေရာများမှ ကူညီဆောင်ရွက်ပေးခြင်း၊ ပြင်စလူမြို့ ၊ကျေးရွာအုပ်စုများမှ ဆရာ၊ဆရာမများ၊ ပရဟိတ အဖွဲ့များက စနစ်တကျ ဆေးထိုးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွန်ချက်များအတိုင်း လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။