သတင်းများ

မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁၀)ဦး ကျန်းမာရေး ပြန်လည်ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိ
Dec 02,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၀) ဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သောကြောင့်  ယနေ့ နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့် ရရှိကြောင်း သိရသည်။
ကရင်ပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် တနင်းသရော-မဲပရကြီး-မဲပရလေးကျေးရွာ ရွာချင်းဆက်‌ မြေသားလမ်းဖောက်လုပ်
Dec 02,2021
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ တိုးတက်မြှင့်မားစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့၊ မဲပရကျေးရွာအုပ်စုအတွင်းရှိ ဒေသနေပြည်သူများ‌ နွေ၊မိုး၊ ဆောင်း ဥတုသုံးရာသီလုံး  သွားလာရေး အဆင်ပြေရေးအတွက် တနင်းသရော-မဲပရကြီး-မဲပရ လေးကျေးရွာ ရွာချင်းဆက်‌ မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းကို နို၀င်ဘာလ ၁၁ရက်နေ့ တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်ချက်များနှင့် ကာကွယ်ဆေးထိုးနှံရန်  အသိပေးနှိုးဆော်
Dec 02,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုကို လျော့နည်းစေ ပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ပြည်သူသို့ အသိပေး ပြန်ကြားချက်များအား ယနေ့နံနက်ပိုင်းက   ကိုဗစ်-၁၉ကာကွယ် ဆေးထိုး ရန် စုရပ်ဖြစ်သည့် ပိုင်ကျုံတိုက်နယ် ဆေးရုံ၌ အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။    
ပခုက္ကူမြို့နယ်၌ အသက် ၁၂နှစ်အထက် ကျောင်းသား၊ကျောင်းသူ ၃၁၉၁ဦးတို့အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပြီးစီး
Dec 02,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက် ၁၂နှစ်အထက် ကျောင်းသား၊ကျောင်းသူ ၃၁၉၁ ဦးတို့အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပြီးစီး ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Dec 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကို​ဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု နှင့် ရောဂါကြောင့် သေဆုံးမှုများ လျော့နည်းလာစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဦးစားပေးအစီအစဉ်အရ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို သတ်မှတ် ထားသော စုရပ်နေရာများတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ငဖဲမြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်ခန်းမတွင် ဝန်ထမ်းများစာဖတ်ဝိုင်းကျင်းပ
Dec 02,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးပြည်သူ့ စာကြည့် တိုက်ခန်းမတွင် ဝန်ထမ်းများအနေဖြင့် ဌာနလုပ်ငန်းများဆောင်ရွက်ရာတွင်လျင်မြန်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်၊ လုပ်ငန်းများကိုကျေပွန်စွာထမ်းဆောင်နိုင်ရန်နှင့် စာဖတ်သည့်အလေ့အထများဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဝန်ထမ်းများစာဖတ်ဝိုင်းဆွေး နွေးပွဲကို ယမန်နေ့မွန်းလွဲ ၂နာရီက ကျင်းပပြုလုပ်သည်။
ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Dec 02,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် ပြည်သူများအား မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများတွင် အောက်တိုဘာ ၁၈ရက်နေ့မှစ၍ နေ့စဉ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
ဘောလခဲမြို့တွင် မူလတန်းကြိုကျောင်း၌ မူကြိုကျောင်းသား/ သူများအား စတင်လက်ခံဖွင့်လှစ်နေပြီဖြစ်
Dec 02,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်လူမှုဝန်ထမ်းရုံးမှ အနီးကပ်ကြီးကြပ်မှုဖြင့် မူကြို အရွယ် ကလေးငယ်များ ကိုယ်ကာယကျန်းမာဖွံ့ဖြိုးရေး၊ ကိုယ်ကျင့်တရား​ကောင်းမွန်ရေး၊ တီထွင်နိုင်မှု ရရှိစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ယမန်နေ့ နံနက်(၉)နာရီအချိန်က အဆိုပါ လူမှုဝန်ထမ်းရုံးတွင်း မူလတန်းကြိုကျောင်း၌ စတင်ဖွင်လှစ်ပေးနေပြီဖြစ်ကြောင်း သိရသည်။