မောက်မယ် ဒီဇဘာ ၂
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ကိုဗစ် − ၁၉ ရောဂါပျံ့နှံ့မှုအား ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ဒေသခံပြည်သူများ၏ စျေးဆိုင်ခန်းများအား စစ်ဆေးခြင်း လုပ်ငန်းများ အထူးကြပ်မတ် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်စည်ပင်သာယာ မြို့မစျေး၌ စတင်ကွင်းဆင်း စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာမြို့မစျေးအတွင်းရှိ စျေးဆိုင်ခန်းများ၊ ရပ်ကွက် အတွင်းရှိစျေးဆိုင်ခန်းများ၊ ကုန်စုံဆိုင် များ၊ စားသောက်ဆိုင်များ၊ စျေးရောင်းစျေးဝယ်ပြည်သူ များအား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ ရှမ်းပြည်နယ် ကိုဗစ် - ၁၉ ကော်မတီ လမ်းညွှန်ချက်များနှင့်အညီ ရောဂါပျံနှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask များကို စနစ်တကျတပ်ဆင်ခြင်း ရှိ/မရှိ၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုင်းမျိုးသန့်( မောက်မယ်)