မြန်အောင် ဒီဇင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့ (ဘက)မူလွန်ရွှေကျောင်းနှင့်(ဘက)မူလွန်ရှားတောတာခွ ကျောင်းတို့မှ အသက် (၁၂)နှစ်အထက် ကိုရင်၊ ကျောင်းသား၊ ကျောင်းသူများကို မြန်အောင်မြို့ပရဟိတမြို့ရွှေကျောင်းတိုက်တွင် ယနေ့နံနက်က ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခဲ့ကြောင်းသိရှိရသည်။
ကာကွယ်ဆေးထိုးရာတွင် ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများ၊ ပညာရေးဌာနမှဆရာဆရာမများက ကူညီဆောင်ရွက်ပေးပြီး Data Base စာရင်းထည့်သွင်းခြင်းအားစနစ် တကျဆောင်ရွက်၍ (ဘက)မူလွန်မြို့ရွှေကျောင်းနှင့် (ဘက)မူလွန် ရှားတောတာခွကျောင်းတို့မှအသက်၁၂နှစ်မှ၁၈နှစ်ကြား ကိုရင်၊ကျောင်းသား/သူ ကျား (၅၃)ဦး၊မ(၈)ဦး စုစုပေါင်း (၆၁)ဦးတို့အား ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
၁-၁၂-၂၀၂၁ နေ့အထိ မြန်အောင်မြို့နယ်အတွင်းရှိအခြေခံပညာအလယ်တန်း၊ အထက်တန်းနှင့်(ဘက)မူလွန်ကျောင်းတို့တွင် ပညာသင်ယူလျက်ရှိသော အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ (၄၇၅၉)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးပြီးဖြစ်ကြောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
ဝင်းဗိုလ်