ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများကို သိရှိလိုက် နာနိုင်ရန် အသိပေးနှိုးဆော်

ကမမောင်း    ဒီဇင်ဘာ  ၂

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ညွှန်ကြားချက်များအား သိရှိလိုက်နာနိုင်ရန် အရှိန်အဟုန်မြှင့်အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ကြေညာခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၀န်ထမ်းများက ကမမောင်းမြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ ယနေ့ နံနက်ပိုင်းက  ပြည်သူများထံ အသိပေးနှိုးဆော်ကြေညာခဲ့သည်။

ထိုသို့ အသိပညာပေးရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆာင်ရွက်လျက်ရှိရာ ကမ‌မောင်း မြို့အတွင်းရှိ မိဘပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ အမိန့်ညွှန်ကြားချက်များနှင့် အညီ နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)နှင့်မျက်နှာကာ(Face Shield) ကိုစနစ်တကျ တပ်ဆင်သွားကြရန်၊ တစ်ဦးနှင့်တစ်ဦးတတ်နိုင်သမျှ အနည်းဆုံး (၆) ပေအကွာမှ ခပ်ခွာခွာနေထိုင်ကြရန်၊ Mask မတပ်သူများ နှင့်တွေ့ဆုံခြင်း မပြုလုပ်ရန်၊ လက်ကိုဆေးကြော ခြင်းမပြုမှီ ပါးစပ်၊  နှာခေါင်းနှင့် မျက်စိတို့ကိုပွတ်သတ်ခြင်း၊ ထိတွေ့ခြင်းမပြုလုပ်ရန်၊ အရာ ဝတ္တုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း  လက်ကိုဆပ်ပြာဖြင့် စက္ကန့် (၂၀) ကြာအောင်ဆေးကြောရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များကိုစနစ်တကျစွန့်ပစ်ရန်၊ အပြင်မှ ပြန်လာပြီးတိုင်းအဝတ်အစား မလဲမီ၊ ကိုယ်လက်သန့်စင်ခြင်းမပြုလုပ်ရသေးမီ အိမ်သားများနှင့်အနီးကပ် မထိတွေ့ကြရန်နှင့် သက်ကြီးရွယ်အိုများ၊    ဆီးချို၊ သွေးတိုးရောဂါ အခံရှိသူများနှင့် အနီးကပ်နေထိုင်ခြင်းမှ ရှောင်ကြဉ်ရန်၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်း၊ လူစု လူဝေးပြုလုပ်ခြင်းများကို ရှောင်ကြဉ်ရန်၊ လေဝင်လေထွက်မကောင်းသော အလုံပိတ် အခန်းများ တွင်နေထိုင်ခြင်းကို ရှောင်ကြဉ်ရန်၊ မိမိတို့နေအိမ်များကို ပြူတင်းတံခါးများ ဖွင့်ပြီးလေဝင် လေထွက်ရှိအောင်ဆောင်ရွက်ရန်၊ ရောဂါပိုး ကူးစက်ခံရသည်ဟုသံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ လာရောက်ဆေးကုသမှုခံယူရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကိုထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း စဉ်များတွင် အပြည့်အဝ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် စသည်ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြ ကြောင်းသိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)