ရှင်ဗွေယန် ဒီဇင်ဘာ ၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့၌ ဆောင်းရာသီ ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့မဘောလုံးအားကစားကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဆောင်းရာသီဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေးအသင်းဥက္ကဌ ဦးကျော်သူထက်က ပြိုင်ပွဲကျင်းပရခြင်းဖြင့် လူငယ်လူရွယ်များအားကစားကို စိတ်ဝင်စားပြီး ကျန်းမာ ကြံ့ခိုင်လာစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး စည်းကြပ်ဒိုင် ဦးဌေးအောင်နှင့် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားဓိဌာန် ပြိုင်တူရွတ်ဆို၍ ဘောလုံး အားကစားပြိုင်ပွဲကို ဖွင့်လှစ်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲကို ဒီဇင်ဘာ (၁) ရက်မှ ( ၁၃)ရက်ထိကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲကို အသင်း (၁၃)သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် ပထမရရှိသည့် အသင်းအား စုငွေကျပ် (၃)သိန်း၊ ဒုတိယ ရရှိသည့်အသင်းအား စုငွေကျပ် (၂)သိန်းနှင့် တတိယရရှိအသင်းအား စုငွေကျပ် (၃) သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။