မအူပင်မြို့တွင် "၁၀၁"နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများ နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန် ရည်ရွယ်၍ "၁၀၁"နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ် အချိန်တွင် မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်တာဝန်ခံနှင့် ဝန်ထမ်းများက မအူပင်မြို့ စျေးရောင်း/စျေးဝယ် ပြည်သူများနှင့် မအူပင်မြို့ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အ.လ.က(၁)ကျောင်းရှိ ကျောင်းသား/ ကျောင်းသူတို့အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။