သတင်းများ

ရေနံချောင်းမြို့နယ်၌ (၁၃)ကြိမ်မြောက် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းမဟာဘုံကထိန် အလှူပွဲကျင်းပ
Nov 25,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များ စုပေါင်း၍ (၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူပွဲကို ယမန်နေ့ နံနက်ပိုင်းက ရေနံချောင်းမြို့ မြို့မတောင်ရပ်ကွက် စနေနံကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
အင်းစိန်မြို့နယ်၊ အ.ထ.က(၁)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Nov 25,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အမျိုးသား အောင်ပွဲနေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက် နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် သတင်း စကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က အ.ထ.က(၁)ကျောင်းတွင် ဖြန့်ဝေခဲ့သည်။
ဆီဆိုင်မြို့နယ်အတွင်း သတ်မှတ်စုရပ်နေရာ၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Nov 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယ အကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီခန့်က သတ်မှတ်စုရပ် နေရာဖြစ်သည့် ဘုရားဖြူ အခြေခံပညာအထက်တန်းကျောင်း၌ ဆေးထိုးအဖွဲ့များဖြင့် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သဲကုန်းမြို့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်အခမဲ့ဖြန့်ဝေ
Nov 25,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့တွင် ကျောင်းသား/သူများနှင့် ပြည်သူများ နေ့ထူး နေ့မြတ်များအကြောင်း သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန် ရည်ရွယ်၍ (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့ နံနက် (၉) နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက သဲကုန်းမြို့ရှိ အခြေခံပညာကျောင်းများနှင့် လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
အင်းစိန်မြို့နယ်၊ အ.ထ.က(၁)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Nov 25,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အမျိုးသား အောင်ပွဲနေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက် နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် သတင်း စကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က အ.ထ.က (၁)ကျောင်းတွင် ဖြန့်ဝေခဲ့သည်။
မိုးကောင်းမြို့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းဖြန့်ဝေ
Nov 25,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ယမန်နေ့ ညနေ ၃ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နေ့ထူးနေ့မြတ်အကြောင်းဗဟုသုတရရှိစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာများ၊ ညနေပျံကျ ဈေးသည် ဈေးဝယ်သူများနှင့် ပြည်သူလူထုများအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ရမည်းသင်းမြို့နယ်အတွင်း၂၀၂၁ ခုနှစ် (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ
Nov 25,2021
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော ၂၀၂၁ ခုနှစ် (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မန္တလေးတိုင်း ဒေသကြီးရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ရမည်းသင်းမြို့နယ်အတွင်းရှိ  ပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများ အမျိုးသား အောင်ပွဲနေ့အကြောင်း သိကောင်းစရာ အသိပညာ ဗဟုသုတများကို သိရှိနိုင်စေရန်အတွက်  ယနေ့ နံနက်ပိုင်းက စာသင်ကျောင်း၊ လူစည်ကားရာ မြို့မဈေးနှင့် ဌာနဆိုင်ရာရုံးများကို သွားရောက် အခမဲ့ဖြန့်ဝေခဲ့သည်။
မိတ္ထီလာမြို့နယ်တွင် တိုင်းဒေသကြီးရန်ပုံငွေ ကျပ်သန်း ၂၂၀ဖြင့်  ကျေးရွာချင်းဆက်လမ်း သုံးလမ်းတွင် တံတား တစ်စင်း၊ ရေကျော် နှစ်ခု နှင့် Box Culvert  တည်ဆောက်ခြင်းများ ဆောင်ရွက်သွားမည်
Nov 25,2021
  မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၁-၂၀၂၂ ခြောက်လဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေ ကျပ်သန်း ၂၂၀ဖြင့် ကျေးရွာချင်းလမ်း သုံးလမ်းတွင်  တံတား တစ်စင်း၊ ရေကျော် နှစ်ခုနှင့် Box Culvert တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။