သတင်းများ

မွန်ပြည်နယ် ပင်လယ်ကမ်းရိုးတန်း ဂေဟစနစ်များ ထိခိုက်ပျက်စီးမှုမရှိစေရေးနှင့် ပင်လယ်ရေထု ညစ်ညမ်းမှု ကင်းစင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ
Nov 25,2021
မွန်ပြည်နယ်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်း ခန်းမတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကော်မတီဝင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်သည်၊၊
လားရှိုးမြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်း စာစောင်များဖြန့်ဝေ
Nov 25,2021
(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်း စာစောင်များကို လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဘူတာလမ်းနှင့်လမ်းမတော်လမ်းပေါ်ရှိ လမ်းသွားလမ်းလာများ၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ရှေ့နှင့် ကားဂိတ်များတွင် ယနေ့ နံနက်ပိုင်းက သွားရောက် ဖြန့်ဝေပေးခဲ့သည်။
လားရှိုးမြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာဖတ်ဝိုင်းကျင်းပ
Nov 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center စာကြည့်တိုက်ခန်းမတွင် မွန်းလွဲ (၁) နာရီအချိန်က (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်အကြို စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။
ကျိုက်မရောမြို့နယ်တွင်ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများစတင်ထုတ်ချေးပေး
Nov 25,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ၂၀၂၁ဆောင်းရာ သီစိုက်ပျိုး စရိတ်ချေး ငွေများအားယနေ့နံနက် ၁၀နာရီမှစတင်ကာမြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ်ခွဲ၌ စတင်ထုတ်ချေး ပေးလျက်ရှိကြောင်းသိရသည်။
မြောက်ဦးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများမှ မိမိနေရပ်လက္ကာကျေးရွာသို့ ပြန်လည် ရောက်ရှိလာသော ပြည်သူများအတွက် ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်
Nov 25,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း တိုက်ပွဲရှောင်စခန်းများတွင် လာရောက် ခိုလှုံလျက်ရှိသော လက္ကာကျေးရွာမှ ကျေးလက်နေ ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ ပစ္စည်းများအား သွားရောက်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မြောက်ဦးခရိုင်ဘေးအန္တ ရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ အဆိုပါကျေးရွာသို့ သွားရောက်၍ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်း သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
မုံးကိုးမြို၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Nov 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် မုံးကိုးမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေ ပေးခြင်းကို ယနေ့ နံနက်(၉)နာရီ အချိန်က အ.ထ.က ကျောင်းနှင့် မြို့ပေါ် ရပ်ကွက်များတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန် လာသူ (၆) ဦးရှိ
Nov 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံမှ (၉) ဦး၊ လွိုင်ဆောင်ထောက် ဆေးရုံမှ (၂၀) ဦး  ပေါင်း (၂၉) ဦးကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ မရှိကြောင်း သိရပြီး မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံမှ ပြန်လည် ကျန်းမာလာသူ (၆) ဦး ရှိကြောင်း သိရသည်။
ခင်ဦးမြို့နယ်၌ မိုးနှောင်းဝါ စံပြကွက် ကွင်းသရုပ်ပြပွဲကျင်းပ
Nov 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ရွှေပြည်သာကျေးရွာ၊ တောင်သူ ဦးညွှန့်ဝင်း၏ ကွင်းအမှတ် (၂၆၆၀) ရွှေတောင်(၁၀) ဝါမျိုး စိုက်ဧက (၂ ဒသမ ၅၀) တွင် ယနေ့ နံနက်ပိုင်းက မိုးနှောင်းဝါ စံပြကွက် ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။