မိုင်းရှူးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန် လာသူ (၆) ဦးရှိ

မိုင်းရှူး   နိုဝင်ဘာ   ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံမှ (၉) ဦး၊ လွိုင်ဆောင်ထောက် ဆေးရုံမှ (၂၀) ဦး  ပေါင်း (၂၉) ဦးကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ မရှိကြောင်း သိရပြီး မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံမှ ပြန်လည် ကျန်းမာလာသူ (၆) ဦး ရှိကြောင်း သိရသည်။

မိုင်းရှူးမြို့၌ ဇူလိုင်လ ၄ ရက်နေ့မှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၄၄၀) ဦး၊ ဆေးရုံဆင်းသူပေါင်း (၄၂၀) ဦး၊ ကုသဆဲ(၉) ဦး၊ သေဆုံးသူပေါင်း (၁၁) ဦး၊ လွိုင်ဆောင်ထောက် တိုက်နယ်ဆေးရုံတွင် ဇူလိုင်လ(၅)ရက်နေ့မှယနေ့ ထိပိုးတွေ့ အတည်ပြု လူနာ (၁၅၄)ဦး၊ ဆေးရုံဆင်းသူ ပေါင်း(၁၃၇) ဦး၊ ကုသဆဲ(၇) ဦး၊ သေဆုံး (၁၀) ဦး၊ မိုင်းစံ တိုက်နယ်ဆေးရုံတွင် သြဂုတ်လ (၁၁) ရက်နေ့မှ ယနေ့ထိ ပိုးတွေ့ အတည်ပြုလူနာ (၆)ဦး၊  ဆေးရုံဆင်းသူ (၆) ဦးရှိကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်အတွင်း ဇူလိုင်လ (၄) ရက်နေ့မှ ယနေ့အထိ ပိုးတွေ့အတည်ပြုလူ နာပေါင်း (၆၀၀)ဦး၊ ဆေးရုံ ဆင်းသူပေါင်း (၅၆၃) ဦး၊ သေဆုံးသူ (၂၁) ဦးရှိပြီး အတည်ပြုလူနာ (၁၆) ဦး မှာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

တောင်ပေါ်သူ (မိုင်းရှူး)