လားရှိုး နိုဝင်ဘာ ၂၅
(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်း စာစောင်များကို လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဘူတာလမ်းနှင့်လမ်းမတော်လမ်းပေါ်ရှိ လမ်းသွားလမ်းလာများ၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ရှေ့နှင့် ကားဂိတ်များတွင် ယနေ့ နံနက်ပိုင်းက သွားရောက် ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ လူစွမ်းအား အရင်းအမြစ် ဖွံဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍ၏ အရေးကြီးပုံ၊ အမျိုးသား အောင်ပွဲနေ့ကဗျာ၊ ဆောင်းပါးများ၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်း၊ ရန်ကုန် ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီးများ စာရင်းစသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး