ကျိုက်မရော နိုဝင်ဘာ ၂၅
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ၂၀၂၁ဆောင်းရာ သီစိုက်ပျိုး စရိတ်ချေး ငွေများအားယနေ့နံနက် ၁၀နာရီမှစတင်ကာမြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ်ခွဲ၌ စတင်ထုတ်ချေး ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်းရာသီ သီးနှံမျိုးစုံစိုက်ပျိုးကြမည့် တောင်သူများအား အချိန်မီစိုက်ပျိုးနိုင်ရန် အတွက် စပါး တစ်ဧကလျှင်တစ်သိန်းခွဲနှုန်း၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ မတ်ပဲ၊ ပဲတီ၊ နှမ်း၊ ပဲမျိုးစုံ စိုက်ပျိုးမည့်တောင်သူများအတွက် တစ်ဧကလျင်တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိရာ ဦးလေး ကျေးရွာရှိ တောင်သူ(၁၈)ဦး၊ စိုက်ဧက(၁၀၉)ဧက အတွက် ၁၆၃သိန်း ငါးသောင်းအား သက်ဆိုင်ရာ တောင်သူများလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ချေးငွေများထုတ်ချေးပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်ကိုဗစ်- ၁၉ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီတောင်သူတစ် ဦးချင်း စီအားစနစ်တကျ ထုတ်ချေး ပေးလျက်ရှိပြီး အခြားကျေးရွာအုပ်စုများရှိ တောင်သူများကိုလည်း သတ်မှတ်ရက်များ အလိုက် ဆက်လက်ထုတ်ချေးပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်သီတာထွန်းထံမှသိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)