လားရှိုး နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center စာကြည့်တိုက်ခန်းမတွင် မွန်းလွဲ (၁) နာရီအချိန်က (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်အကြို စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လားရှိုးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုက အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ် လာပုံ၊ ၂၀၂၁ ခုနှစ် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များအကြောင်းကိုလည်းကောင်း၊ စာပေ ချစ်မြတ် နိုးသူများအသင်းမှ မောင်မှူးသော်ခန့်က ကောလိပ်ကျောင်းသားများဦးဆောင်၍ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ဆန့်ကျင်သပိတ်မှအစပြု၍ လွတ်လပ်ရေးရ သည်အထိ ပြည်သူတစ်ရပ်လုံး အမျိုးသား စိတ်ဓာတ်များ၊ ဝံသာနုစိတ်ဓာတ်များ ပေါ်ပေါက်လာပုံကိုလည်းကောင်း၊ စိုင်းဟန်လင်းမှ ၂၀၂၁ ခုနှစ် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲ နေ့သတင်းစကားလက်ကမ်းစာစောင်ပါ “ဘုန်းရှင့်မြန်မာတို့မြန်မာ” ကဗျာ ကို ဖတ်ရှုပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး