စားသုံးသူများ ကျန်းမာစေဖို့ ဆီစားသုံးမှု လျှော့ချစို့ ကျန်းမာရေး အသိပညာပေးခြင်းအား Online မှတစ်ဆင့် ဆောင်ရွက်

 သီပေါ      နိုဝင်ဘာ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စားသုံးသူပြည်သူများ ဆီအလွန်အကျွံ စားသုံးခြင်းမှ ရှောင်ကြဉ်နိုင်စေရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သည့် ဆီစားသုံးမှု အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍  စားသုံးသူများ ကျန်းမာစေဖို့ ဆီစားသုံးမှုလျှော့ချစို့ ဆောင်းပါးအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့ နံနက်ပိုင်းက Online မှတစ်ဆင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၁ခုနှစ်၊ ဧပြီလ ၅ ရက်နေ့ထုတ် ကြေးမုံသတင်စာတွင် ဆောင်းပါးရှင် အိအိချော(စားသုံးသူ ရေးရာဦးစီးဌာန)က ရေးသားထားသော “စားသုံးသူများ ကျန်းမာစေဖို့ ဆီစားသုံးမှု လျှော့ချစို့” ကျန်းမာရေး အသိပညာပေးဆောင်းပါးတွင် ပါရှိသော အကြောင်းအရာများအား မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုးက ဖတ်ကြားရာတွင် မြန်မာနိုင်ငံသည် ဆီစားသုံးမှု မြင့်မားသော နိုင်ငံဖြစ်ခြင်း၊ အရွယ်ရောက်သူတစ်ဦးအနေဖြင့် တစ်နှစ်ဆီစားသုံးမှုမှာ အလွန်များပြားခြင်း၊ တစ်ဦးချင်း ဆီစားသုံးမှု လျှော့ချစေလိုခြင်းနှင့် ဆီအလွန်အကျွံစားသုံးခြင်းကြောင့် အဝလွန်ခြင်း၊ အသည်းအဆီ ဖုံးခြင်း၊ သွေးတိုး၊ နှလုံး၊ ဆီးချို၊ လေဖြတ်လေငန်းစသည့် ရောဂါများ အဖြစ်များလျက်ရှိခြင်း၊ ကျန်းမာရေးနှင့် မသင့်လျော်သော ဆီများစားသုံးခြင်းနှင့် ဆီစားသုံးမှု လွန်ကဲခြင်းကြောင့် ဖြစ်ပေါ်သော နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများသည် ကုသရန် ခက်ခဲစေသည့်အတွက် ပြည်သူများအနေဖြင့်  ကျန်းမာသော လူမှုဘဝကို ပိုင်ဆိုင်ရရှိစေဖို့ ဆီစားသုံးမှုကို လျှော့ချကြပါစို့ဟု တိုက်တွန်းရေးသားထားသည့် ကျန်းမာရေး အသိပညာပေး ဆောင်းပါးအား  ရိုက်ကူးဆောင်ရွက် ခဲ့ကြောင်းသိရသည်။

သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ ကျန်းမာရေးအသိပညာ ဗဟုသုတရရှိစေရန်   သက်ဆိုင်ရာကဏ္ဍများအလိုက်  အသိပညာပေးခြင်းများကို အပတ်စဉ် ရိုက်ကူး ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဖွင့်လှစ်ထားသော သီပေါမြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)