တကောင်း နိုဝင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၌ (၁၀၁)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ မွန်းလွဲ (၁)နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရှိ အခြေခံပညာကျောင်း များ၊ ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ပြီး အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် “၂၀၂၁ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည် ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်းစီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၁၁-၄-၂၀၂၁ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှ ကောက်နှုတ်ချက်” “အမျိုးသားရေးစိတ်ဓါတ်”၊ “အေးအတူ ပူအမျှ”၊ “ရန်ကုန်ယူနီဗာစီတီအက်ဉပဒေကို သပိတ်မှောက် ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး”၊ အမျိုးသားအောင်ပွဲနေ့စသည့် အကြောင်းအရာများနှင့် ရေနံ့သာမောင်ကျော်ညွှန့်ရေးသားသည့် “ဘုန်းရှင့်မြန်မာ တို့မြန်မာ” ကဗျာ တို့ပါဝင်ကြောင်းသိရသည်။
သီရိအောင် (တကောင်း)