(၁၀၁) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များအား ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ

မင်္ဂလာတောင်ညွန့် နိုဝင်ဘာလ ၂၆

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနှ အခမဲ့ဖြန့်ဂေသည့် သတင်းစကားလက်ကမ်း စာစောင်များအား ယမန်နေ့နံနက် ၉ နာရီ အချိန်က မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်များတွင် အမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ အမျိုးသားရေး စိတ်ဓာတ်မြှင့်တင်စရာများ၊ အမျိုးသားအောင်ပွဲနေ့ဆိုင်ရာ ကဗျာနှင့်ကာတွန်းများဖြင့်  ဝေဝေဆာဆာ ပါရှိသည်။ သတင်းစကား လက်ကမ်းစာစောင်များကို မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ ကျောင်းသူများ၊  ဌာနဆိုင်ရာဝန်ထမ်းများ၊ စျေးများနှင့်ကားဂိတ်များ ရှိ ပြည်သူများအား ဖြန့်ဝေခဲ့ရာ လက်ကမ်းစာစောင် (၂၅၅) စောင်ဖြန့် ဝေပေးနိုင်ခဲ့ကြောင်းသိရသည်။

ချစ်စုဝေ ပြန်/ဆက်