မြဝတီ နိုဝင်ဘာလ ၂၅
ကရင်ပြည်နယ်၊မြဝတီမြို့နယ်အတွင်းရှိ ပထမအသုတ်ဒုတိယအကြိမ်နှင့် ဒုတိယအသုတ်ဒုတိယ အကြိမ် ထိုးရန်ကျန်သောအခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ် အထက်ရှိသော ကျောင်း သား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်ခန့်က မြဝတီမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးသည်။
ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြဝတီမြို့နယ်အတွင်းရှိ ပထမအသုတ်ဒုတိယအကြိမ်နှင့် ဒုတိယအသုတ်ဒုတိယအကြိမ် ထိုးရန်ကျန်သောအခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ် အထက်ရှိသည့် ကျောင်းသား/ ကျောင်းသူ(၃၉၆)ဦးနှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား/ ကျောင်းသူ (၃၀၀)ဦးကို ဒုတိယအကြိမ်ပြန်လည် ထိုးနှံပေးပြီး အသစ်အပ်နှံထားသည့် ကျောင်းသား/ ကျောင်းသူ ၂၀၀ ဦးကိုလည်း ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးပထမအကြိမ်အဖြစ် ထိုးနှံပေးသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို ချမှတ်ထားသည့် လုပ်ငန်းစဉ်သတ်မှတ်စည်းကမ်းများနှင့်အညီ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးရာ မြို့နယ်ပညာရေးမှူးဦးမြင့်ဦးနှင့် အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းအုပ်ဆရာကြီးဦးမိုးကျော်တို့က လိုက်လည့်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ် သည်များကိုလည်း ပူပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)