ရေဦးမြို့နယ်ပြည်သူ့စာကြည့်တိုက်လူထုအ‌ေခြပြုဗဟိုဌာနကွန်မြူနတီစင်တာတွင် " အမျိုးသားအောင်ပွဲနေ့ " အထိမ်းအမှတ် အသိပညာ‌ပေးTalk Show ပြုလုပ်

ရေဦး  နို၀င်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာ နေစူး (ရေဦး ) တို့ပူးပေါင်းစီစဉ်သော အမျိုးသားအောင်ပွဲနေ့ အကြောင်းအသိပညာပေး Talk Show ကိုနို၀င်ဘာ ၂၅ရက်နံနက် ၉ နာရီကလူထုအခြေပြုဗဟိုဌာန ကွန်မြူနတီစင်တာ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှုးဒေါ်ခိုင်ဇင်က Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းပြခဲ့သည်။ ဆက်လက်ပြီး စာရေးဆရာ နေစူး (ရေဦး)က မိတ်ဆက်စကား နှင့်အတူ လာမည့် ၂၀၂၁ ခုနှစ်၊ နို၀င်ဘာ ၂၈ ရက်နေ့တွင်ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အကြောင်းယခုလို အသိပညာပေးပြောကြားခဲ့သည်။

" အမျိုးသားနေ့ ဆိုရာတွင် လွယ်လွယ်နှင့်ဖြစ်တည်လာခဲ့သည်မဟုတ်ကြောင်း၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံး နယ်ချဲ့လက်အောက်ကျွန်သပေါက်အဖြစ်ထီးကျိုးစည်ပေါက် နယ်ချဲ့စစ်ဘိနပ်အောက်ရောက်ခဲ့ပြီး မြန်မာ့ယဥ်‌ကျေးမှုစာပေ မြန်မာစကားကိုပင်ပျောက်သွားအောင်ကြံစည်ခဲ့ပုံ၊မြန်မာနိုင်ငံမှ တက္ကသိုလ် ကောလိပ်မထားဘဲ မြန်မာလူမျိုးကိုးဆယ်ရာခိုင်နှုန်းမတက်နိုင်အောင် အိန္ဒိယ နိုင်ငံကာ လကတ္တား တက္ကသိုဘ်ရဲ့လက်အောက်ခံ  ကောလိပ်နှစ်ခုသာထားရှိခဲ့ပုံ၊ တက္ကသိုလ်ကိုတိုးမြှင့်ပေးမည်ဆိုသော်လည်း  မြန်မာလူမျိုးတွေ တက္ကသိုလ် ပညာသင်ကြား ခွင့်ကန့်သတ်ပိတ်ပင်ရန် ရည်ရွယ်ပြဌာန်းထားသည့် ရန်ကုန်တက္ကသိုလ်အက်ဥပဒေပြု ကြံစည်ခဲ့ပုံ၊ ကိုလိုနီပညာရေးစနစ်ကို လက်မခံနိုင်ခဲ့ကြသည့် မျိုးချစ်မြန်မာလူမျိုး ကောလိပ်‌ ကျောင်းသားများက ၁၉၂၀ ပြည့်နှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို စတင်ဆန့်ကျင် သပိတ်မှောက်ခဲ့ပုံ၊ ကျောင်းသားသပိတ်မှအစပြု၍ မြန်မာနိုင်ငံလွတ်လပ်ရေးရသည်အထိလူထုတစ်ရပ်လုံး နယ်ချဲ့ဆန်ကျင်ရေး အမျိုးသားစိတ်ဓာတ်များ အပြင်းအထန် ပေါ်ပေါက်လာခဲ့ပြီးလွတ်လပ်ရေးရယူခဲ့ရာမှ ယနေ့ အထိပြည် သူများ၏စိတ်နှလုံးတွင် အမျိုးသားရေးစိတ်ဓာတ်များကိန်းအောင်းခဲ့သည့်တိုင် အချိန် နာရီ ၁၀၁ နှစ်သို့ ရောက်ရှိလာပုံနှင့် တစ်ဆက်တည်းမှာပဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကလည်း အမျိုးသားနေ့ ဦးတည်ချက် များချမှတ်ကာ တိုင်းဒေသကြီးပြည်နယ်ခရိုင်မြို့နယ်များတွင် အမျိုးသားနေ့အောင်ပွဲများ အစဉ်အလာ မပျက်ဆက် လက်ကျင်းပပေးနိုင်‌ရေး စီစဉ် ဆောင်ရွက်ထားရှိပုံ " တို့ကိုလည်း ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။

ရေဦး