မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉​ရောဂါ ကူးစက်မှုများ ရှိ/မရှိ (အခမဲ့) စစ်​ဆေး​

မိုင်းဖြတ်​ နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  ကိုဗစ်-၁၉​ရောဂါ ကူးစက်မှု များ ပ​ပျောက်​​ရေးအတွက် ​ ​ယ​နေ့နံနက်ပိုင်းက အထက(မိုင်းဖြတ်)​ကျောင်း​ရှေ့ ပြည်ထောင်စု လမ်းမကြီး​ပေါ်တွင် သွားလာ​နေကြသူများကို သက်ဆိုင်ရာပူး​ပေါင်းအဖွဲ့က ကိုဗစ်-၁၉​ရောဂါ ရှိ/မရှိ (အခမဲ့)စစ်ဆေး​ပေးခဲ့​ကြောင် သိရသည်။

ထိုသို့ စစ်​​ဆေးရာတွင် မြို့နယ်ကိုဗစ်-၁၉​ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ​ရေး​ကော်မတီ ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင် များ၊ ​ခေတ္တမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးစိုးပြည့်နှင့် တာဝန်ရှိဌာနဆိုင်ရာများ  မြို့နယ်ပြည်သူ့​ဆေးရုံရှိ Covid-19 Fever Clinic မှ ကျန်းမာ​ရေး ဝန်ထမ်းများ၊ လူမှု​ရေးအသင်းအဖွဲ့များ ပါဝင်သည့် ပူး​ပေါင်းအဖွဲ့က  အထူးစီမံချက်ဖြင့် ပြည်​ထောင်စုလမ်းမကြီး​ပေါ်တွင် ဖြတ်သန်းသွားလာ​နေကြသည့် မိဘပြည်သူ(၄၈၇)ဦးကို ကိုဗစ်-၁၉​ရောဂါ ရှိ/မ​ရှိ RTD Test kit ဖြင့် စစ်​ဆေးခဲ့ရာ ​(၂)ဦး၌ ​ရောဂါပိုးမ စစ်​ဆေးတွေ့​ရှိ​ခဲ့သည်။ ထို့အတူ မြို့နယ်ပြည်သူ့​ဆေးရုံရှိ Covid-19 Fever Clinic၌  ကျန်းမာ​ရေး လာ​ရောက်စစ်​ဆေးသူ (၇)ဦးကို  စစ်​ဆေး​ပေးခဲ့ရာ (၁)ဦး၌ ကိုဗစ်-၁၉​ရောဂါ စစ်​ဆေး​တွေ့ရှိခဲ့သည်။ ယ​နေ့တွင် ​ရောဂါပိုး​တွေ့ရှိသူ စုစု​ပေါင်း(၃)ဦးရှိ​ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်တွင်  ဇူလိုင်(၁)ရက်မှ ​နိုဝင်ဘာလ (၂၅)ရက်အထိ အတည်ပြုလူနာပေါင်း (၁၀၀၈) ဦးအထိ စစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်းမာရေးကောင်းမွန်လာသူ (၉၁၆)ဦး၊ ဆေးကုသမှု ခံယူသူ (၃၇)ဦးကျန်ရှိနေပြီး သေဆုံးသူ(၁၀)ဦး ရှိကြောင်း သိရသည်။

​သန်းထွန်း​အေး