ဥတ္တရခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းကျင်းပ

ဥတ္တရသီရိ နိုဝင်ဘာ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဥတ္တရခရိုင်၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူ များအသင်း (Book Club) တို့ ပူးပေါင်း၍ စာရေးဆရာ လွင်သူဦး၏ နွေးထွေးစွာအတူတူ ရုန်းကြရအောင် စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ခြင်းကို ယနေ့မွန်းလွဲ (၁)နာရီက ဥတ္တရခရိုင်၊ ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပသည်။

စာဖတ်ဝိုင်းတွင် ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မေစုလှိုင်ဦး က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ စာအုပ်စာစောင် ချစ်မြတ် နိုးသူများအသင်း  (Book Club) ဥက္ကဋ္ဌ၊ ဆရာရေးဆရာမရဿဝတီမေနန်းက မျှော်လင့်ရင်မော ရွှေစိတ်ရယ်စော ခေါင်းစဉ်တွင်ပါဝင်သည့် အကြောင်းအရာများ၊ ဆရာရေးဆရာ စိန်ဝင်းနွယ် (ဘာသာပြန်)က နားခိုရာအသိုက်အမြုံ ခေါင်းစဉ်တွင် ပါဝင်သည့် အကြောင်းအရာများ၊ စာရေးဆရာ ရဲမွန်ကျော်က နှလုံးသားမဲ့စက်ရုပ်များ အစားထိုးလာသည့်အခါ ခေါင်းစဉ်တွင် ပါဝင်သည့် အကြောင်း အရာများ၊ စာရေးဆရာနွေဦးကိုကိုက ဗိုင်းရပ်စ်စစ်ပွဲ အနိုင်နွဲ ခေါင်းစဉ်တွင် ပါဝင်သည့် အကြောင်းအရာ များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် စာဖတ်ပရိတ်သတ်များက အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်စွာဟိန်း၊ ပြန်/ဆက်