သတင်းများ

ကလိန်အောင်မြို့ မိကျောင်းလှောင်းကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများ အသိပေးနှိုးဆော်
Nov 05,2021
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ မိကျောင်းလှောင်း ကျေးရွာအတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်နိုင်ရေး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းကြွယ်နှင့် ရာအိမ်မှူးများက ယမန်နေ့ ည(၆)နာရီ အချိန်ခန့်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများကို အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရှိရသည်။
ကျောက်တော်မြို့နယ်၌ အောက်ဆီဂျင်စက်ရုံ စတင်လည်ပတ်
Nov 05,2021
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ကိုဗစ်-၁၉ လူနာများနှင့်အရေးပေါ်လူနာများအတွက် အောက်ဆီဂျင် လုံလောက်စွာရရှိစေရန် ရည်ရွယ်၍ တည်ဆောက်ခဲ့သည့် အောက်ဆီဂျင်စက်ရုံတွင် စက်ရောက်ရှိပြီး အောက်တိုဘာလ ၄ ရက်နေ့က စတင်လည်ပတ်ကာ အောက်ဆီဂျင်များထုတ်လုပ် နိုင်ပြီဖြစ်ကြောင်းသိရသည်။
ဒက္ခိဏ​သီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုလျော့ကျစေရန် ရည်ရွယ်၍ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်
Nov 05,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါကူးစက် ပြန့်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအရောက် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဂွမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အောင်စည်နေမျိုး၏"ပြုံးရွှင်ပျော်ပါး -၂၅" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်
Nov 05,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဂွမြို့နယ်ရုံးမှ ဝန်ထမ်းများစုပေါင်း၍ စာရေးဆရာ အောင်စည်နေမျိုး၏ "ပြုံးရွှင်ပျော်ပါး-၂၅ " စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန. (Community Centre)ခန်းမ၌ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြသည်။
ချောင်းဆုံမြို့ပေါ်(၃)ရပ်ကွက်အတွင်းရှိ ဆေးဆိုင်များအား ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်
Nov 05,2021
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်ကာလအတွင်း ရောင်းချလျက်ရှိ သည့် ဆေးဆိုင်များအား ယမန်နေ့က မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ အဖွဲ့မှ မြို့ပေါ်(၃)ရပ်ကွက်ရှိ ဆေးဆိုင်များအား ရှောင်တခွင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
ခမောက်ကြီးမြို့တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအသုတ်) ထိုးနှံပေး
Nov 05,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက် (၉) နာရီအချိန်ခန့်က အသက်(၁၂)နှစ် အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်) ထပ်မံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ​ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်
Nov 05,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြည်သူများအား ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ ပထမအကြိမ် ထိုးနှံပြီးသူများအား ဒိုက်ဦးမြို့နယ် ပြည်သူ့ အားကစားကွင်း မိုးလုံလေလုံခန်းမကြီးအတွင်း၌ လည်းကောင်း၊ ဖောင်တော်သီကျေးရွာစုရပ်၌ လည်းကောင်း၊ ကျိုက်စကောအရှေ့ ကျေးရွာစုရပ်၌ လည်းကောင်း ပထမအကြိမ် ထိုးနှံခဲ့ပြီးသူများအား ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်သည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုအိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
Nov 05,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက် ဖြင့်ဆောင်ရွက်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီကတနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။