ကလိန်အောင်မြို့ မိကျောင်းလှောင်းကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများ အသိပေးနှိုးဆော်

ကလိန်အောင် နိုဝင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ မိကျောင်းလှောင်း ကျေးရွာအတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်နိုင်ရေး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းကြွယ်နှင့် ရာအိမ်မှူးများက ယမန်နေ့ ည(၆)နာရီ အချိန်ခန့်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများကို အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ အသိပညာပေး နှိုးဆော်ဆောင်ရွက်ရာတွင် ကိုဗစ်−၁၉ ရောဂါ ကူးစက် ပျံ့ပွားခြင်းမှ ကာကွယ်နိုင်ရေး မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိအိမ်တွင် နေထိုင်ရန်၊ အပြင်သွားရာတွင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ကြရန်၊ လူစုလူဝေး ရှောင်ရှားရန်နှင့် လက်ကို ဆပ်ပြာနှင့် မကြာခဏ ဆေးကြောရန်၊ လက်ကို ဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးတို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ် ခြင်း နီးစပ်ရာနှင့် ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယရှိပါက ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို တိကျစွာလိုက်နာကြရန် အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခဲ့ ကြောင်း သိရသည်။

ကလိန်အောင် (ပြန်/ဆက်)