ထားဝယ် နိုဝင်ဘာ ၅
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက် ဖြင့်ဆောင်ရွက်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီကတနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုက ပန်းခင်းစီမံချက်ဖြင့် ထားဝယ်မြို့၊ ထိန်သစ်ရပ်ကွက်တွင်(၁၀)ရက်ကြာ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး နိုင်ငံသားကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းတို့ကိုပေးအပ်မည့် အခမ်းအနားဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း နေထိုင် ကြသောပြည်သူအားလုံးကို ဥပဒေနှင့်အညီကိုင်ဆောင်သင့် သည့်ကတ်တစ်မျိုးမျိုးနှင့်အိမ်ထောင်စု လူဦးရေစာရင်းတို့ကို ရရှိကိုင်ထားစေလိုကြောင်းပန်းခင်းစီမံချက်နှင့်ပတ်သက်၍ သက်ဆိုင်ရာခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ပေးစေလို ကြောင်း၊ မှတ်ပုံတင်လုပ်ငန်းများတွင်နိုင်ငံတော်က သွေးစစ်၊ဓာတ်ပုံရိုက်လုပ်ငန်းများ၌ အခကြေးငွေ မယူပဲဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မကြာခင်ကာလအတွင်းရွေးကောက်ပွဲ ပြုလုပ်မှာဖြစ်သော ကြောင့်အများပြည်သူလက်ထဲတွင်မှတ်ပုံတင် ကတ်ပြားရှိနေမှသာလျှင်ဆန္ဒမဲပေးရမှာဖြစ်သည့်အတွက် နိုင်ငံသားအခွင့်အရေးမဆုံးရှုံးရလေအောင် ပြုလုပ်ထားစေလိုကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများပေါင်း စပ်ညှိနှိုင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးနေသောကြောင့် လူတိုင်းလက်ထဲတွင်မှတ်ပုံတင်ကတ်ပြား ကိုင်ဆောင် နိုင်လိမ့်မည်ဟုယုံကြည်မိကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက (၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃)က ၃၂၄ ခု ၊ (၁၈)နှစ်ပြည့် ၆(က)၁၀၉ ခု၊ လဲလှယ် ၉၆ ခု ၊ မိတ္တူ ၇၁ ခု နှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(ဃ)ဖြင့်အိမ်ထောင်စု(၁)ခု၊ ပုံစံ(ဂ)ဖြင့်အိမ်ထောင်စု (၇)ခု၊ အိမ်ထောင်စုလူဦးရေစာရင်း(၃၆)ခု၊ အိမ်ထောင်စုလူဦးရေစာရင်း(မိတ္တူ)(၂၂၃)ခုတို့ကို ပြည်သူများ အားပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)