ခမောက်ကြီး နိုဝင်ဘာ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက် (၉) နာရီအချိန်ခန့်က အသက်(၁၂)နှစ် အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်) ထပ်မံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယခင်ထိုးနှံသည့် ကျောင်းသား/သူများမှာ ကျောင်းအပ်နှံစာရင်းအတိုင်း ကောက်ယူ ထိုးနှံပေးခြင်းဖြစ်ပြီး ယခုထိုးနှံပေးသည့် ကလေးများမှာ ထပ်မံကျောင်းအပ်နှံသည့် ကလေးများအား ထိုးနှံပေးခြင်းဖြစ်သည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့အုပ် ချုပ်ရေးမှူး ဦးခိုင်ကိုဦးနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ခမောက်ကြီးမြို့ ဆေးတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ရူပါမြင့် (ခမောက်ကြီး )