ဂွ နိုဝင်ဘာ ၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဂွမြို့နယ်ရုံးမှ ဝန်ထမ်းများစုပေါင်း၍ စာရေးဆရာ အောင်စည်နေမျိုး၏ "ပြုံးရွှင်ပျော်ပါး-၂၅ " စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန. (Community Centre)ခန်းမ၌ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြသည်။
စာဖတ်ဝိုင်းတွင် ရှေးဦးစွာ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ရွှေရည်ဝင်းကျော်က ဝန်ထမ်းများအနေဖြင့် စာဖတ်ကြရန် လိုအပ်ကြောင်း မိမိတို့၏ ရုံးလုပ်ငန်းများအပြင် စာအုပ်မှရရှိသော အသိပညာ ဗဟုသုတများကို သိရှိနားလည်ထားပါမှ ပြည်သူလူထုသို့ အသိပညာများ ဖြန့်ဝေပေးရာတွင် အသုံး ဝင် မည်ဖြစ်ပြီး တစ်ဦး၏အသိပညာကို တစ်ဦးသို့မျှဝေ ပေးတတ်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ "ပြုံးရွှင်ပျော်ပါး-၂၅ " စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ကျင်းပခဲ့ရာ မြို့နယ်ဦးစီးမှူး ဒေါ်ရွှေရည်ဝင်းကျော်က. စာရေးဆရာ အောင်စည်နေမျိုး ၏ စာအုပ်ပါ "စဉ်းစား တွေးခေါ်မှုကို ပြောင်းကြည့်ပါ ” ခေါင်းစဉ် အကြောင်းအရာကို လည်းကောင်း၊ စာကြည့်တိုက်လက်ထောက်-၃. ဦးသက်နောင်ထွန်းက "လမ်းလျှောက်ပါ" ခေါင်းစဉ် အကြောင်း အရာကို လည်းကောင်း၊ အငယ် တန်းစာရေး ဒေါ်အေးထက်ထက်က "အမြော်အမြင်ရှိပါစေ". ခေါင်းစဉ် အကြောင်းအရာကို လည်းကောင်း၊ လုပ်သားရုပ်/သံ ဒေါ်ခင်မြဝါ၏ “ငြင်းဆန်ဖို့ ကြိုးစားကြည့်ပါ” ခေါင်းစဉ် အကြောင်း အရာကို လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။
ထိုသို့ ဝန်ထမ်းများ၏ ဆွေးနွေးချက်များအပေါ် မြို့နယ်ဦးစီးမှူးက. ဦးဆောင်၍ ပြန်သုံးသပ်ဆွေးနွေးခဲ့ပြီး ဝန်ထမ်းများ မှလည်း ဆွေးနွေးချက်များအပေါ် တစ်ဦးနှင့်တစ်ဦး အပြန် အလှန် ဝေဖန်သုံးသပ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်