သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဝိုင်းမော်မြို့နယ်အတွင်းမှ ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်သော တောင်သူများထံသို့ စိုက်ပျိုးချိန်အမှီ မြေသြဇာအိတ်များ ထောက်ပံ့ ပေးအပ်
Nov 06,2021
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ဝိုင်းမော်မြို့နှင့် မိုင်းနားကျေးရွာအုပ်စု အတွင်းမှ ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်သူများ အသင်းဝင်တောင်သူများအတွက် စိုက်ပျိုးချိန်အမှီ မြေသြဇာအိတ်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် စားနပ်ရိက္ခာဘေး ကင်းလုံခြုံရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ(GAP) ပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီတွင် ဝိုင်းမော်မြို့ နန့်မြစ်ခချောင်းဘေး ဟင်းသီးဟင်းရွက် စိုက်ခင်းအတွင်း၌ ကျင်းပပြုလုပ်သည်။
မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံ ရပြီးနောက် ပြန်လည် ကျန်းမာလာသူ တစ်ဦး၏ ရင်တွင်း စကားသံ
Nov 06,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့ မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြိး ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီးနောက် ကျန်းမာရေး ပြန်လည်ကောင်းမွန် လာသူတစ်ဦး၏ ရင်တွင်း စကားသံအချို့ကို ဖော်ပြပေးလိုက်ပါသည်။
ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တကြိုတင်ကာကွယ်နိုင်ရေး ညွန်ကြားချက် များအား အသိပေးနှိုးဆော်
Nov 06,2021
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ် မီးသတ် ဦးစီးဌာန ဒုတိယမီးသတဦးစီးမှူး ဦးအောင်သန်းဝင်း ဦးဆောင်၍ မီးသတ် တပ်ဖွဲ့ဝင်များသည် မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေး ကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်
Nov 06,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတစ်ဝန်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားအခွင့်အရေးများ မဆုံးရှုံးစေရန် နိုင်ငံသားစီစစ်ရေး ကတ်ပြားများ၊ အိမ်ထောင်စု လူဦးရေ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့သည်။
ကျေးသီးမြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး
Nov 06,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ် (၆) လတာ ကာလတွင် မြို့နယ် အတွင်းရှိ ကျေးရွာ (၇) ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကျေးသီးမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ရေနံချောင်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် ဒေသန္တရစီမံကိန်းရည်မှန်း ချက်တာဝန်များ လွှဲပြောင်းပေးအပ်
Nov 06,2021
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလမှ မတ်လအထိ) ခြောက်လတာ အကောင်အထည်ဖော် ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ကယားပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခု (၆)လ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ် ခွင့်ပြုရန်ပုံငွေဖြင့် တင်ဒါခေါ်ယူ ဆောင်ရွက်သည့် လုပ်ငန်းများ၏ တင်ဒါစိစစ် ရွေးချယ်ပွဲ အခမ်းအနားကျင်းပ
Nov 06,2021
ကယားပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁ ခု အောက်တိုဘာလမှ ၂၀၂၂ ခု မတ်လအထိ (၆)လ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ် ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေဖြင့် တင်ဒါခေါ်ယူ ဆောင်ရွက်သည့် လုပ်ငန်းများ၏ တင်ဒါစိစစ်ရွေးချယ်ပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ လမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
နမ့်ခမ်းမြို့ စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်များ ရောင်းချ နေသည့် ပြည်သူများက ကိုဗစ်-၁၉ ရောဂါ ညွှန်ကြားချက်များ လိုက်နာဆောင်ရွက် ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Nov 06,2021
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်များ ရောင်းချနေသည့် ပြည်သူများက မြို့နယ် ကို-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက် များနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိ ယနေ့ နံနက်ပိုင်း (၁၀) နာရီ အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။