ချောင်းဆုံမြို့ပေါ်(၃)ရပ်ကွက်အတွင်းရှိ ဆေးဆိုင်များအား ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်

ချောင်းဆုံ    နိုဝင်ဘာ   

မွန်ပြည်နယ်၊   ချောင်းဆုံမြို့နယ်တွင်   ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်ကာလအတွင်း   ရောင်းချလျက်ရှိ သည့် ဆေးဆိုင်များအား   ယမန်နေ့က မြို့နယ်ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ အဖွဲ့မှ မြို့ပေါ်()ရပ်ကွက်ရှိ ဆေးဆိုင်များအား ရှောင်တခွင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။

ချောင်းဆုံမြို့ပေါ် ()ရပ်ကွက်ဖြစ်သည့်  ချောင်းဆုံအနောက်ရပ်ကွက်၊    အရှေ့ရပ်ကွက်၊     တိုးချဲ့ ရပ်ကွက်အတွင်းရှိ တရားဝင်ဆေးရောင်းချလျက်ရှိသည့် ဆေးဆိုင်များအား ရက်လွန်ဆေးများ ရောင်းချမှု ရှိ/မရှိ၊ စပ်ဆေးများ ရောင်းချမှုမရှိစေရေးနှင့်   ကိုဗစ်-၁၉ ဆေးများ    ရောင်းချမှုမရှိစေရန်   မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး  ကော်မတီအဖွဲ့ဝင်များဖြစ်သည့်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန   ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး   ဦးရဲထွန်းနောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့  အမှုဆောင်အရာရှိ  ဦးအုံးသန့်၊ မြို့နယ် (..က) ဦးစီးဌာနနှင့် ကျန်းမာရေးဌာနတာဝန်ရှိသူများက ဆေးဆိုင်()ဆိုင်အား   ရှောင်တခွင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံ