ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ကျောက်ဖြူ နိုဝင်ဘာ ၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်း ကို ယမန်နေ့ ညနေ ၆ နာရီက  ကျောက်ဖြူမြို့နယ် မီးသတ်စခန်းမှ လက်ထောက်မီးသတ် ဦးစီးမှူး ဦးမျိုးချစ်နိုင် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့အသိပေးနှိုးဆော်ရာတွင် ယခုအခါ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် မိဘပြည်သူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာ ရုံးများတွင် မီးဘေးလုံခြုံရေး အတွက် မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက် များကို လိုက်နာဆောင်ရွက်ထားရှိရန်၊ မော်တော်ယာဉ်များ၊ စက်သုံးဆီဆိုင်များ၊ ဟိုတယ်များ၊ တည်းခိုရိပ်သာများ၊ ဌာနဆိုင်ရာရုံး အဆောက်အဦများ၊ တပ်ရင်း၊ တပ်ဖွဲ့များ၊ ပုဂ္ဂလိကရုံးများ၌ မီးဘေးကြိုတင် ကာကွယ်နိုင်ရန်အတွက် ထားရှိအပ်သော ရှေးဦးမီးငြှိမ်းသတ်ရေး ပစ္စည်းများ ဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ‌ရေအိတ်၊ မီးသတ်ဆေးဘူးများအား အသင့်တပ်ဆင် ထားရှိကြရန်နှင့် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ် အကြောင်းကြားကြရန် စသည့်ပြည်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက် များအား မြို့ပေါ် ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ဖြိုးဝေလင်း