မတ္တရာမြို့နယ်၌ ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များပေးအပ်ပွဲကျင်းပ

မတ္တရာ     နိုဝင်ဘာ   ၅

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် (၆)လ ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များပေးအပ်ပွဲကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သူရ သိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံကိန်းဦးစီးမှူး ဦးဇော်လင်းသိန်းမှ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် စီမံကိန်းရည်မှန်းချက်များအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေ နှင့် ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် (၆)လ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ အကြောင်းကို ရှင်းလင်း တင်ပြခဲ့သည်။ ဆက်လက်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု/တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ ဖြင့် ဆောင်ရွက်သောလုပ်ငန်းစီမံကိန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သက်ဆိုင်ရာဌာန ဆိုင်ရာတာဝန်ရှိသူများမှ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌနှင့် မြို့နယ်စီမံကိန်း ဦးစီးမှူး တို့မှ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် စီမံကိန်းရည်မှန်းချက် များ၊ လုပ်ငန်းစီမံကိန်းလျာထားချက်တာဝန်များကို မြို့နယ်စီမံကိန်းရေး ဆွဲအကောင်အထည် ဖော်ရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ကဏ္ဍအလိုက်ပေးအပ်ရာ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူ များမှ လက်ခံခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံကိန်းရေး ဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)