မတ္တရာမြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ မဟာဘုံကထိန်ကျင်းပမည်

မတ္တရာ    နိုဝင်ဘာ  ၅

ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်ရှိ ဌာနဆိုင်ရာများ စုပေါင်း၍ ဝန်ထမ်းပေါင်းစုံ မဟာဘုံကထိန်ကို ယခုနှစ် တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ မဟာဘုံကထိန်ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ ယခင်နှစ်က ကိုဗစ်၁၉ရောဂါ ဖြစ်ပွားနေ သည့် ကာလဖြစ်နေသည့်အတွက် ကျင်းပနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း ယခုအခါ မိမိတို့မြို့နယ်တွင် ရောဂါပိုးတွေ့ရှိမှု မရှိသလောက် နည်းပါးသွားပြီဖြစ်သည့်အတွက် နှစ်စဉ်ပြုလုပ်နေကြဖြစ်သည့် ဝန်ထမ်းပေါင်းစုံ မဟာဘုံကထိန်ကို ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း၊  ပဒေသာပင် ဆောင်ရွက်နိုင်ရေးအတွက် ဌာနများအလိုက် ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ညှိနှိုင်းဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပြီး၊ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး စန်းယုမှ ကထိန်တော်ဖြစ်မြောက် ရေးနှင့် ပက်သတ်၍ ဖြည့်စွက်ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ လိုအပ်ချက်များနှင့် ယခင်နှစ်များတွင် ဆောင်ရွက်ခဲ့မှု အခြေအနေများကို ဖြည့်စွက်တင်ပြဆွေးနွေးခဲ့ကြသည်။

မြို့နယ်ဝန်ထမ်းပေါင်းစုံ မဟာဘုံကထိန် ကထိန်ဉာတ်သင်္ကန်းနှင့် ပဒေသာပင်များကို အမှတ်(၁) ရပ်ကွက်ရှိ အောင်မြေသုခဘုန်းတော်ကြီးကျောင်းသို့ ပို့ဆောင်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)