မတ္တရာမြို့နယ်၌  ပြည်သူ ၄၂၀၆၈ဦးအား ပထမအကြိမ်နှင့် ၂၃၃၃၃ဦးအား ဒုတိယအကြိမ် ကိုဗစ်၁၉ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်

မတ္တရာ    နိုဝင်ဘာ  ၅

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများအား ကာကွယ်ဆေးများထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့ ၉နာရီ အချိန်မှ စတင် ၍ အထက(မတ္တရာ) အောင်ဆန်းခန်းမနှင့် ကျေးရွာများရှိအခြား ဆေးထိုးစုရပ်များ တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးစီး၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။

ယနေ့အထိ မတ္တရာမြို့နယ်တွင် ပထမအကြိမ် (၄၂၀၆၈) ဦးနှင့် ဒုတိယအကြိမ်(၂၃၃၃၃)ဦးတို့ ထိုးနှံ ပေးပြီးကြောင်းနှင့် ဆေးထိုးရန် ကျန်ရှိနေသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။

စိုးကျော်သူထွေး(မတ္တရာ)