ကွမ်းခြံကုန်းမြို့နယ် ပန်းခင်းစီမံချက် အိမ်ထောင်စု လူဦးရေးနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး

ကွမ်းခြံကုန်း အောက်တိုဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာန၊ ကွမ်းခြံကုန်းမြို့နယ် ဦးစီးမှူးရုံး ဦးစီးမှူး ဦးအောင်ကျော်သူရနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယမန်နေ့က မှော်ဘီကျေးရွာ တွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီးမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ညွန်ကြားချက်နှင့် အညီ ဆောင်ရွက်ပေးလျက်ရှိရာ အသက် ၁၈ နှစ်အောက် ကျား(၁၃)ဦး၊ မ (၁၂)ဦး၊ အသက် ၁၈ နှစ် အထက် ကျား(၁၄)ဦး၊ မ(၁၈)ဦး စုစုပေါင်း(၅၇)ဦး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ရပ်ကွက်ကျေးရွာများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကွမ်းခြံကုန်းမြို့နယ် ဦးစီးမှူးရုံးဦးစီးမှူး ဦးအောင်ကျော်သူရထံမှ သိရသည်။

(မြို့နယ်ပြန်/ဆက်)