နောင်ချိုမြို့နယ် ကံကြီးကျေးရွာ၌  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းကွင်းဆင်းဆောင်ရွက်

နောင်ချို     နိုဝင်ဘာ    ၅ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ် ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က ကံကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန နောင်ချိုမြို့နယ် ဦးစီးဌာနရုံးမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာသို့ နောင်ချိုမြို့နယ် လဝကမှူး ဦးသက်မြင့်ဦးနှင့်ဝန်ထမ်းများက ပန်းခင်းစီမံ ချက်ဖြင့်နိုင်ငံသားစိစစ်ရေးကဒ်ပြားအသစ်ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေ စာရင်းများ စိစစ်လဲလှယ်ထုတ်ပေးခြင်း၊ ပျက်စီး၊ ပျောက်ဆုံးသူများကို မိတ္တူပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း၌ မွေးတိုး/သေဆုံးစာရင်းဆောင်ရွက်ပေးခြင်း ပြောင်းဝင်၊ပြောင်းထွက်၊ တိုး/လျော့လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေးစာရင်းကို ရပ်ကွက်၊ ကျေးရွာများအရောက်ကွင်းဆင်း၍ မေလ(၃)ရက်နေ့မှစတင်ဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့ မွေးဖွားရာဇာတိတွင် အမြဲနေထိုင်ကာ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေးစာရင်းမရှိသူများနှင့် ရွှေ့ပြောင်း နေသူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ထွေးငယ်(ပြန်/ဆက်)