နမ္မတူ နိုဝင်ဘာ ၅
နမ္မတူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရေး အခမဲ့ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းလှ အပါအဝင် ဝန်ထမ်း (၇)ဦးတို့က နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာရှိ နိုင်-၃ (က) လျှောက်ထားသူ (၁၁၀)ဦး၊ နိုင်-၆ (က) လျှောက်ထားသူ (၁၉)ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်လျှောက်ထားသူ (၃)ဦးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီး လျှောက်ထားသူ (၂)ဦး စုစုပေါင်း (၁၃၄)ဦးတို့ကို သတ်မှတ်ချက်များနှင့်ကိုက်ညီ၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ရန် အတည်ပြုလက်ခံဆောင်ရွက်ပေးခဲ့ကြောင်း နမ္မတူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းလှထံက သိရသည်။
လူမော် (ပြန်/ဆက်)