ဘားအံ နိုဝင်ဘာ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာလူထုစိန်ဝင်း ရေးသားထား သော“စဉ်းစားတတ်အောင် ပညာသင်ပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ပိုင်းက ကျင်းပပြု လုပ်ခဲ့သည်။
ရှေးဦးစွာ ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး ဘားအံခရိုင် Book Club အဖွဲ့ဝင် ဆရာမ ဒေါ်ဆုလာဘ်နွယ်က စဉ်းစားတက်အောင် ပညာသင်ပါစာအုပ်တွင်ပါဝင်သည့် ပညာနဲ့အသိဉာဏ်၊ စဉ်းစား တက်မှ ပညာတက် ခေါ်နိုင်တယ် ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားပြီး၊ ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက စဉ်းစားတက်အောင် ပညာသင်ပါ၊ ပညာနှင့်အောင်လက်မှတ် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက် လာသော Book Club အဖွဲ့ဝင် များမှ သိရှိလိုသည် များဆွေးနွေးခဲ့ကြောင်းသိရသည်။
ဘားအံခရိုင် (ပြန်/ဆက်)