ချင်းပြည်နယ် ဖလမ်းမြို့၌ ပြည်သူများအား ကိုဗစ်-၁၉ရောဂါရှိ/မရှိ ဈေးဆိုင်များအရောက် ကွင်းဆင်း စစ်ဆေးပေး

ဖလမ်း နိုင်ဝင်ဘာ ၁၁

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုလျော့နည်းကျဆင်းရေးအတွက် ပြည်သူ လူထုထံအရောက် ကွင်းဆင်းသွားရောက်ပြီး ကိုဗစ်-၁၉ရောဂါရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးခြင်းကို နိုဝင်ဘာလ ၁၀ ရက် နံနက် ၁၀ နာရီကဖလမ်းမြို့ပေါ် ရပ်ကွက်များတွင် ကွင်းဆင်း စစ်ဆေးဆောင် ရွက်ပေးကြောင်း သိရသည်။

"ကျွန်တော်တို့ ဖလမ်းမြို့၊ ဆရာဝန်ကြီးရဲ့လမ်းညွှန်ချက်အရ ဖလမ်းမြို့ Volunteer အဖွဲ့ ကဖလမ်းမြို့ပေါ် နှင့်လုံပီးဘက်ကို သွားရောက်စစ်ဆေးပေးခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ Volunteer အဖွဲ့က နိုဝင်ဘာလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တွေမှာအယောက်၂၀၀ နီးပါးစစ်ဆေး ခဲ့ပါတယ်၊ အခုလိုကွင်းဆင်းသွား ရောက်စစ်ဆေးပေးတာလည်း အခမဲ့စစ်ဆေးပေးတာဖြစ်ပါတယ်"လို့ ဆလိုင်းငယ်ပီးကပြောသည်။

ထိုသို့စစ်ဆေးပေးရာတွင်ဖလမ်းမြို့ပေါ်ရပ်ကွက်ရှိ စည်ပင်သာယာရေးဈေး၊ဈေးဆိုင်၊ ကုန်စုံဆိုင် များ၊ စားသောက်ဆိုင်များ၊ ဆံပင်ညှပ်ဆိုင်များ၊ ကွမ်းယာဆိုင်များစသည့် လူအများဝင်ထွက်သွား လာသည့် နေရာများသို့သွားရောက် ကွင်းဆင်းကာ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိအခမဲ့စစ်ဆေး ပေးခဲ့ခြင်း ကြောင်းသိရ သည်။

ကိုရှိန်း