နတ်မောက်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေစီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်း နည်းသင်တန်း ဖွင့်လှစ်

နတ်မောက်  နိုဝင်ဘာ  ၁၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(၆)လ ဘတ်ဂျက်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင် စီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြစိမ်းရောင် ကျေးရွာ စီမံကိန်းရန်ပုံငွေစီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းနည်း သင်တန်းအား ယနေ့နံနက် ၉ နာရီအချိန်ခန့်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာ အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းသူရမှ အဖွင့်အမှာစကား ပြောကြားပြီး၊ ဦးစီးအရာရှိဒေါ်အေးမြသန္တာက မြစိမ်းရောင် ကျေးရွာစီမံကိန်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သတ်၍ ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ဝါပန်ကျေးရွာအုပ်စု၊ ဘော်အိုင်ကျေးရွာမှ မြစိမ်းရောင် စီမံကိန်းကျေးရွာ မြစိမ်းရောင် ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်(၉)ဦး တက်ရောက်ပြီး ၎င်းတို့အား စီမံကိန်းလက်စွဲ စာစောင်ပါ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တစ်ကျ ဆောင်ရွက်သွားရန် သင်တန်းနည်းပြ ဆရာမ(၂)ဦးမှ သင်ကြားပို့ချကာ သင်တန်းသားများကလည်း စိတ်ပါဝင်စားစွာ သင်ယူလေ့လာ ခဲ့ကြကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူထံမှ သိရသည်။

သင်းသင်းမြတ်